Saturday, June 8, 2013

Widgets

Chrome OS ကို Windows မှာ အသုံးပြုနည်း

1

Operating System တွေအမျိုးမျိုးကို စမ်းသပ်သုံးစွဲချင်သူတွေအတွက် Google ရဲ့ Chromebook က Chrome OS ကို Windows မှာစမ်းသပ်သုံးစွဲနိုင်မယ့်နည်းကို မျှဝေပါတယ်။Chromebook က laptop ဖြစ်ပြီး အထဲမှာ Chrome Browser သာပါရှိပြီး Chrome OS မောင်းနှင်အသုံးပြုပါတယ်။Chrome browser သာပါရှိတဲ့အတွက် ၀င်းဒိုးမှာအင်စတောလုပ်ပြီးအသုံးပြုရတဲ့ application တွေကို သုံးလို့ မရပါဘူး။အဲဒီအစား web applications တွေကို အသုံးပြုနိုင်ပါတယ်။ဝင်းဒိုးမှာအင်စတောလုပ်ပြီးသုံးရတဲ့ desktop application တွေ နေရာမှာ Web Applications တွေ တဖြည်းဖြည်းအစားထိုးဝင်ရောက်လာပါပြီ။ဥပမာအားဖြင့် သင့် ၀င်းဒိုးကွန်ပြူတာမှာ အသုံးပြုတဲ့ Microsoft Office ကို အင်တာနက် ရှိရင် Microsoft Sky Drive ၀က်ဆိုက်မှာ အခမဲ့သုံးနိုင်ပါတယ်။Chromebook ရဲ့  ရည်ရွယ်ချက်က အဲလို ပါ။Browser based ဖြစ်တဲ့ Web Applications တွေကို အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ဒီဆောင်းပါးမှာ Chrome OS ကို ၀င်းဒိုးမှာစမ်းသပ်သုံးစွဲဖို့  Virtualbox  ကို အသုံးပြုပါမယ်။

ပြင်ဆင်ခြင်း

သင့်ဝင်းဒိုးကွန်ပြူတာမှာ Virtualbox ကို အင်စတောမလုပ်ရသေးရင် အရင်ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပါ။Virtualbox ကို windows platform အတွက်ဒေါင်းလုပ်လုပ်ရမှာပါ။Virtualbox ကို အင်စတောလုပ်တာက တစ်ခြား ဆော့ဝဲ တွေကို အင်စတောလုပ်သလို ပဲလုပ်ပါ။လွယ်ပါတယ်။Chrome OS ကို လည်းဒေါင်းရပါမယ်။ အောက်ကလင့်က နေ Chrome OS ကို ဒေါင်းရမယ့် ဆိုက်ကိုသွားပြီး Virtualbox ကို နှိပ်ပြီးဒေါင်းပါ။ Latest Build ကအပေါ်ဆုံးမှာဖြစ်ပါတယ်။ အောက်မှာပုံပြထားပါတယ်။ရလာတဲ့ zip ဖိုင်ကို ဖြည်ထားပါ။

3

Virtualbox

Chrome OS

Chrome OS ကို Virtualbox မှာအင်စတောလုပ်ခြင်း

Virtualbox ကို run ပြီး New ကိုနှိပ်ပါ။Name မှာ Chrome လို့ နာမည်ပေးပြီး  Type မှာ Linux လို့ ရွေးပေးပါ။Version မှာ Other Linux ကိုရွေးပေးပါ။

ashampoo 15

RAM memory မှာ 512 MB ပေးပါ။သင့်မှာ RAM များများရှိရင် တော့များများပေးရင် Chrome OS ကမြန်မြန်အလုပ်လုပ်မှာပါ။

ashampoo 16

Use an existing virtual hard drive file ကိုရွေးပေးပြီးဒေါင်းထားတဲ့  Chrome OS ဖိုင် (.vdi) ကို ရွေးပေးပါ။

ashampoo 17

Virtualbox manager window ကိုပြန်ရောက်သွားရင် Chrome Virtual Machine ကိုရွေးပြီး Settings ကိုနှိပ်ပါ။

ashampoo 23

Network ကိုရွေးပြီး Advanced အောက်က Adapter Type မှာ အောက်ကပုံမှာလို ရွေးပေးပါ။

ashampoo 18

နောက်ပြီး Settings ထဲမှာပဲ System ကိုရွေးပြီး Processor tab က Enable PAE/NX ကို အမှန်ခြစ်ပေးပါ။Ok ကိုနှိပ်ပြီး Settings ထဲကထွက်ပါ။ဒါဆို Chrome OS ကို Virtualbox မှာအင်စတောလုပ်ပြီးပါပြီ။

ashampoo 19

Chrome OS ကိုအသုံးပြုခြင်း

Chrome ကိုရွေးပြီး Start ကိုနှိပ်ပါ။

ashampoo 24

Chrome os ကို run ပြီးရင် သင့် mouse cursor ကို Chrome os window မှာတွေ့ မြင်ရမှာမဟုတ်ပါဘူး။အဲဒီအတွက် mouse ကိုအသုံးပြုနိုင်ဖို့  Machine အောက်က Disable Mouse Integration ကိုနှိပ်ပါ။ပြီးရင် Chrome os window ထဲမှာ click တစ်ချက်နှိပ်ပါ။ဒါဆိုရင် mouse ကို အသုံးပြုလို့ ရပါပြီ။Chrome os window အပြင်ဘက်မှာ mouse ပြန်သုံးချင်ရင် right ctrl တစ်ချက်နှိပ်ပါ။Chrome os window မှာ mouse ပြန်သုံးချင်ရင် chrome os window ထဲမှာ click တစ်ချက်နှိပ်ပါ။

ashampoo 20

Google account နဲ့  sign in လုပ်ပါ။ပြီးရင်တော့ Chrome OS ကို စတင်အသုံးပြုနိုင်ပါပြီ။သင့် Google အကောင့်နဲ့  Sign in ၀င်ထားတဲ့အတွက် သင့် ၀င်းဒိုးကွန်ပြူတာက Chrome browser က App,extension,bookmarks,passwords,autofill data, Settings တွေကို sync လုပ်ပေးနိုင်ပါတယ်။

5

ဘယ်ဘက်အောက်ထောင့်မှာ Chrome browser ကိုအသုံးပြုနိုင်ပြီး Apps Launcher ကို လည်းအသုံးပြုနိုင်ပါတယ်။Apps Launcher ကိုနှိပ်ပြီး Chrome Web Store က application တွေကို အင်စတောလုပ်ပြီးသုံးနိုင်ပါတယ်။File explorer လည်းပါရှိပြီး ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်တွေကို သိမ်းနိုင်အသုံးပြုနိုင်ပါတယ်။

6

ညာဘက်အောက်ထောင့် က google account ပုံကို နှိပ်ပြီး power ပိတ်နိုင်သလို  browser setting ထဲကို အလွယ်တကူ ၀င်ရောက်နိုင်ပါတယ်။

ashampoo 25

Setting ထဲမှာတော့ sync ,mouse ,keyboard ,password,form fill , Wallpaper စတဲ့ setting တွေကို ပြောင်းလဲနိုင်ပါတယ်။Internet connection ကတော့ ၀င်းဒိုးကွန်ပြူတာမှာ ကွန်နက်ရှင်ရှိနေရင် Chrome os မှာလည်း ကွန်နက်ရှင်သုံးနိုင်ပါတယ်။ဘာမှပြင်စရာမလို ပါ။

ashampoo 26

အောက်ကပုံမှာမြင်တွေ့ ရသလို ပဲ Chrome Os မှာ Chrome browser နဲ့  Web Application တွေ ကို တွေ့ မြင်အသုံးပြုနိုင်ပါတယ်။

ashampoo 27

Chrome os က browser operating system ဖြစ်ပြီး web applications တွေကို အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။သင့် ၀င်းဒိုးကွန်ပြူတာက အလုပ်တွေကို Chrome os မှာ  အလုပ်လုပ်နိုင်မလားဆိုတာ စမ်းသပ် သုံးစွဲကြည့်ပါ။Chrome OS အကြောင်းကို ဆက်လက်လေ့လာနိုင်ပါစေ။

Virtualbox က operating system တွေကို window computer မှာ သုံးစွဲနိုင်အောင်ပြုလုပ်ပေးနိုင်တဲ့ အတွက် ကျွန်တော် အလွန်သဘောကျတဲ့ ဆော့ဝဲတစ်ခုပါ။Virtualbox အကြောင်းနဲ့ Virtualbox မှာ operating system တွေကို အင်စတောလုပ်ပြီးအသုံးပြုနည်းတွေကို အရင်ကရေးပေးထားပါတယ်။အောက်မှာလေ့လာနိုင်ပါတယ်။

Virtualbox : Computer Inside Your Computer

Windows 7 ကို Virtualbox မှာ အင်စတောလုပ်နည်း

Windows 8 ကို Virtualbox မှာ စမ်းသပ်အသုံးပြုနည်း

Ubuntu OS ကို Virtualbox မှာ စမ်းသပ်အသုံးပြုနည်း

 

 

 

0 comments:

Post a Comment