Friday, June 7, 2013

Widgets

Clipping Magic : သင့် Photo က Background ကိုအလွယ်တကူဖယ်ရှားပေးနိုင်တဲ့ ၀က်ဆိုက်

ashampoo 03

သင့် ဓါတ်ပုံက background ကို မကြိုက်လို့ ဖယ်ချင်ရင်တော့ အလွယ်တကူပြုလုပ်ပေးနိုင်တဲ့ ဆိုက်တစ်ခု ကို မိတ်ဆက်ပေးပါရစေ။Photoshop လို photo editor ဆော့ဝဲတွေ မသုံးတတ်တဲ့သူတွေ အတွက် အလွန်လွယ်ကူပြီးအဆင်ပြေပါတယ်။ Clipping Magic  ဆိုက်ကိုသွားပြီးသင့်ပုံကို upload လုပ်ပါ။ပြီးရင် photo editor ၀င်းဒိုးပေါ်လာ မှာဖြစ်ပြီး ဒီဆောင်းပါးမှာတော့ ကျွန်တော် ကလေး တစ်ယောက်ရဲ့ ပုံက background ကို နမူနာအနေနဲ့ ဖျောက်ကြည့်ပါတယ်။Original နဲ့  result ပုံကို လည်း real time တွေ့ မြင်နိုင်ပါတယ်။

ashampoo 01

အစိမ်းရောင် + sign ကို ရွေးပြီး ကလေးပုံကို အောက်ကပုံမှာလို အနည်းငယ် mark လုပ်ပေးပါ။ပြီးရင် အနီရောင် – sign ကိုရွေးပြီး background ကို mark လုပ်ပေးပါ။ဒါဆိုရင် clipping magic က သူ့ အလိုလို background ကို ဖျောက်ပေးပါလိမ့်မယ်။ အလွန်လွယ်ကူပါတယ်။

ashampoo 02

ကျွန်တော့်စမ်းသပ်ချက်မှာတော့ အပေါ်ကပုံမှာလိုပြုလုပ်ပြီးတဲ့ အခါမှာ  background color ကို ပြောင်းကြည့်တဲ့အခါ ကလေး ပုံ ရဲ့ ထောင့်စွန်းလေးတွေက မညီမညာဖြစ်နေပြီး မှုန်ဝါးဝါးဖြစ်နေပါတယ်။အဲဒီအတွက် ကျွန်တော် Refine Edge ကို နှိပ်ပြီး Manual ကိုနှိပ်ပြီး Smooth , Blur , Offset စတဲ့ tool လေးတွေကို အနည်းငယ်စမ်းသပ်ပြုပြင်လိုက်တဲ့အခါ အောက်ကပုံမှာလို ပုံထွက်ကောင်းကောင်းရလာပါတယ်။ပြီးရင်တော့ download button ကိုနှိပ်ပြီးဒေါင်းလုပ်လုပ်နိုင်ပါပြီ။

ashampoo 05

Clipping Magic ကို သုံးရတာ အလွန်လွယ်ကူပါတယ်။Clipping Magic က background ကိုဖယ်ရှားဖို့ သီးသန့်  ပြုလုပ်ထားတာ ဖြစ်တဲ့ အတွက် တစ်ခြား photo editor တွေလို မျိုး tool တွေ များပြားပြီးရှုပ်ထွေးမနေပါဘူး။Bookmark လုပ်ထားသင့်တဲ့ ဆိုက်လေးတစ်ခု ပါ။

0 comments:

Post a Comment