Facebook Profile ပုံတွေကို chat မှာ emoticon အနေနဲ့  အသုံးပြုလို့ ရတဲ့နည်းပါ။Profile ပုံ သာမက Page တွေက Profile ပုံတွေကို ပါ chat မှာ အသုံးပြုနိုင်ပါတယ်။အရင်ဆုံး chat မှာ အသုံးပြုချင်တဲ့ သူ ရဲ့  Facebook ID ကို သိရပါမယ်။ဒီလို သိအောင်လုပ်ဖို့  အတွက် သူ့ ရဲ့  Profile Page ကို သွားရပါမယ်။www.facebook.com/shweyee.linnyaung က shweyee.linnyaung က သူ့ ရဲ့  Facebook ID ပါ။
တစ်ခါတစ်လေမှာ Profile Page ရဲ့  URL က အောက်ကပုံမှာလို တွေ့ မြင်ရမှာပါ။အဲဒီလို အခြေအနေမှာတော့ ? ကစပြီးနောက်ပိုင်းဟာ Facebook ID မှာမပါဝင်ရပါဘူး။
Chat မှာ Facebook ID ကို [[Facebook ID]] ဒီလို ရိုက်ပါ။
ဒါဆိုရင် သူ့ ရဲ့  Profile ပုံကို Emoticon အနေနဲ့ အသုံးပြုလို့ ရပါပြီ။
Facebook Chat မှာ Sticker တွေ သုံးချင်ရင်တော့ Facemoji ဆိုတဲ့ Chrome Extension ကိုသုံးပါ။
0 comments:
Post a Comment