Friday, June 21, 2013

Widgets

How to Create System Restore Point in Windows 8 & 7

1

Windows က သင့်ကွန်ပြူတာမှာ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး လုပ်တဲ့ အချိန်တွေမှာ သိရှိပြီး မပြုလုပ်ခင် system restore point တွေ အလိုလို ပြုလုပ်တတ်ပါတယ်။Windows Updates တွေ အင်စတောလုပ်တဲ့ အခါတွေ ၊  Driver တွေ အင်စတောလုပ်တဲ့ အခါတွေ ၊ တစ်ချို့ ဆော့ဝဲတွေ အင်စတောလုပ်တဲ့ အခါမျိုးတွေ မှာ လည်း အလို လို system restore point တွေ ပြုလုပ်တတ်ပါတယ်။System restore point တွေက system files နဲ့   registry settings တွေကိုသိမ်းပေးထားတာဖြစ်ပါတယ်။အဲဒီအတွက် သင့်ကွန်ပြူတာ ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေမျိုးရောက်ရင် ပြုလုပ်ထားတဲ့ system restore point ကိုအသုံးပြုပြီး သင့်ကွန်ပြူတာ ကောင်းကောင်းအလုပ်လုပ်တဲ့ အခြေအနေ ကို ပြန်ရောက်ရှိအောင်ပြုလုပ်နိုင်ပါတယ်။

System restore က System Protection ဆို တဲ့ Feature ကို အသုံးပြုပါတယ်။System Protection က သင့်ကွန်ပြူတာရဲ့ system files, registry settings and previous versions of files စတာတွေ ရဲ့  သတင်းအချက်အလက်တွေ ကို အမြဲ သိမ်းပေးထားပါတယ်။System restore က Windows system files, installed programs, registry settings, changes to scripts, batch files and other types of executable files စတာတွေအပေါ်သက်ရောက်မှုရှိပြီး အဲဒါတွေကို သိမ်းပေးနိုင် restore ပြန်လုပ်ပေးနိုင်ပါတယ်။ဒါပေမယ့် personal files တွေ အပေါ်သက်ရောက်မှုမရှိတဲ့ အတွက်သင့်ဖိုင်တွေ မပျက်ဆီးဘဲ တည်ရှိနေမှာပါ။ သင့်ကွန်ပြူတာ setting ,registry setting တွေကို မပြုပြင်ခင်မှာ system restore point ပြုလုပ်ထားသင့်ပါတယ်။ဒီဆောင်းပါးမှာတော့ windows 8 ကို အသုံးပြုပြီး system restore point ပြုလုပ်တာ၊ ပြုလုပ်ထားတဲ့ system restore point ကို အသုံးပြုပြီး system restore ပြုလုပ်တာ ကို ရေးမှာပါ။ Windows 7 မှာလည်း ဒီနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။

Create  System Restore Point

Control panel က search box ကနေ system restore လို့ ရိုက်ပြီး Create a restore point ကိုနှိပ်ပါ။

2

Create ကိုနှိပ်ပါ။

ashampoo 01

နာမည်တစ်ခု ပေးပြီး Create နှိပ်ပါ။

3

System restore point ပြုလုပ်တာ တစ်မီနစ်လောက်ပဲကြာတတ်ပါတယ်။

4

ဒါဆိုရင် system restore point တစ်ခု ပြုလုပ်ပြီးပါပြီ။

5

Revert Windows to a Restore Point

သင့်ကွန်ပြူတာ ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေမျိုးရောက်ရင် ပြုလုပ်ထားတဲ့ system restore point ကို အသုံးပြုပြီး သင့်ကွန်ပြူတာအလုပ်ကောင်းကောင်းလုပ်ပေးနေတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိအောင်ပြုလုပ်နိုင်ပါတယ်။System Properties box က System Restore ကိုနှိပ်ပါ။

6

နောက်တစ်နည်းက win + r ကို နှိပ်ပြီး  rstrui.exe လို့ ရိုက်ပြီး Ok နှိပ်ပါ။

7

System Restore box ပေါ်လာရင် Next  နှိပ်ပါ။

8

ပြုလုပ်ထားတဲ့ restore point ကို ရွေးပေးပြီး Next နှိပ်ပါ။

9

နောက်တစ်ဆင့်မှာ confirm လုပ်ပေးပါ။

10

System restore က စလုပ်ပြီးတာနဲ့  ရပ်လို့ မရဘူးလို့ သတိပေးပါလိမ့်မယ်။Yes ကိုနှိပ်ပါ။

11

ဒါဆိုရင် system restore စလုပ်ပါပြီ။

12

ဒါဆိုရင်  system restore ပြုလုပ်တာပြီးပါပြီ။

ashampoo 02

တစ်ခါတစ်ရံမှာ System Restore did not complete successfully ဆိုတဲ့ message box ကျလာတတ်ပါတယ်။အဲဒီလို ကျလာရင် System Restore လုပ်တာ မအောင်မြင်ပါဘူး။အဲဒီလို အခြေအနေမှာ ပြုလုပ်ရမယ့်နည်းတွေကို 3 things to check if your system restore is not working ဆိုတဲ့ဆောင်းပါးကို ဖတ်ပါ။

Undo changes System Restore makes

System restore ပြုလုပ်ပြီးတိုင်း ၀င်းဒိုး က Undo System Restore ဆို တဲ့ restore point တစ်ခု အလို လို ပြုလုပ်ပေးပါတယ်။အဲဒီအတွက် system restore ပြုလုပ်ပြီးလို့ စိတ်တိုင်းမကျရင် system restore ကို ဖွင့်ပြီး Undo System Restore ကို  အသုံးပြုနိုင်ပါတယ်။

0 comments:

Post a Comment