Sunday, June 16, 2013

Widgets

How To Install Extensions From Outside The Chrome Web Store

1

Chrome Web Store က မဟုတ်တဲ့ extension တွေကို Chrome မှာ အင်စတာလုပ်ရင် အပေါ်ကပုံမှာလို message ပြပါလိမ့်မယ်။အဲဒီ message  ပြရင် extension ကို manual install လုပ်ရပါမယ်။အဲဒီကန့် သတ်ချက်က malicious website တွေက extension တွေကနေ တစ်ဆင့် သင့် browser မှာ malware တွေ ကူးစက်ခြင်းမဖြစ်အောင် ကန့် သတ်ထားတာပါ။ဒါကြောင့် သင်ယုံကြည်ရတဲ့ ဆိုက်တွေက extension တွေကို ပဲ အင်စတောလုပ်သင့်ပါတယ်။

Extension ကို manual အင်စတောလုပ်ခြင်း

အပေါ်ကပုံမှာလို message ကျလာရင် extension ကို ဒေါင်းလုပ်လုပ်ပြီးပါပြီ။ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်ကို chrome download folder မှာ တွေ့ မြင်ရမှာပါ။ တကယ်လို့ ဒေါင်းလုပ်ဖိုဒါမှာ extension ဖိုင်ကို မတွေ့ ရင် extension ကို အင်စတောလုပ်တဲ့ လင့်အပေါ် right click နှိပ်ပြီး  save as နဲ့ သိမ်းပါ။ Extension ဖိုင်ဆိုရင် .crx  အနေနဲ့ တွေ့ မြင်ရမှာဖြစ်ပြီး user script ဖိုင်ဆိုရင် .js အနေနဲ့ တွေ့ မြင်ရမှာပါ။

3

ပြီးရင် Wrench icon ကနေ Tools>Extensions ကို နှိပ်ပါ။

2

.CRX (or user.js)  ဖိုင်ကို drag ဆွဲပြီး extension page မှာ drop လုပ်ပါ။

4

Chrome Web Store ကနေ အင်စတာလုပ်သလို ပဲ Confirm လုပ်ပေးပါ။

5

Always Allow Extensions From Outside the Chrome Web Store

့Chrome Web Store က မဟုတ်တဲ့ extension တွေကို အမြဲအင်စတောလုပ်တဲ့သူဆိုရင် chrome properties မှာ command-line flag ထည့်သွင်းထားနိုင်ပါတယ်။ဒီလို လုပ်ဖို့  chrome ကို ပိတ်ပြီး desktop က chrome shortcut ပေါ်ကို right click နှိပ်ပြီး Properties ကိုနှိပ်ပါ။

6

Shortcut tab မှာ အောက်ကစာသားကို Target နောက်မှာ ဖြည့်ပေးပါ။

-enable-easy-off-store-extension-install

7

Chrome ကို ဖွင့်ပြီး chrome web store ကမဟုတ်တဲ့ extension ကို အင်စတောလုပ်ကြည့်ပါ။Chrome Web Store ကမဟုတ်တဲ့အတွက် warning ပေးပါလိမ့်မယ်။Continue ကိုနှိပ်ပြီးအင်စတောလုပ်ပါ။ဒါဆိုရင် install လုပ်လို့ မရပါဆိုတဲ့ message ကျလာမှာမဟုတ်တော့ဘဲ အင်စတောလုပ်နိုင်ပါပြီ။

8

0 comments:

Post a Comment