Gmail မှာ person-to-person ပို့ တဲ့ အီးမေးတွေ ၊ Social networks က အီးမေးတွေ၊Promotion လုပ်တဲ့ အီးမေးတွေ၊ Products update အီးမေးတွေ၊Forum က အီးမေးတွေ စသဖြင့် စုံလင်စွာ တွေ့ ရမှာပါ။အဲဒီမေးတွေကို category အလိုက် တွေ့ မြင်နိုင်ဖို့  manual filter လုပ်နိုင်ပါတယ်။အခု တော့ gmail က tabbed inbox ဆို တဲ့ အလို လို filter လုပ်ပေးနိုင်တဲ့ feature တစ်ခု ကို ထည့်သွင်းပေးလိုက်ပါပြီ။အဲဒီအတွက် သင့် gmail inbox မှာ အီးမေးတွေကို tabbed inbox ပုံစံနဲ့  သူ့  အကြောင်းအရာအလိုက် ခွဲခြားပြီးတွေ့ မြင်နိုင်ပါပြီ။
Tabbed inbox ကို အသုံးပြုဖို့  အတွက် setting က Configure inbox ကိုနှိပ်ပါ။
Tab အနေနဲ့ မြင်တွေ့ ချင် တဲ့ အကြောင်းအရာ ကို ရွေးပေးပါ။
ဒါဆိုရင်တော့ person-to-person ပို့ တဲ့ အီးမေးတွေ ၊ Social networks က အီးမေးတွေ၊Promotion လုပ်တဲ့ အီးမေးတွေ၊ Products update အီးမေးတွေ၊Forum က အီးမေးတွေ ကို သူ့  tab နဲ့ သူ ခွဲခြားပြီးတွေ့ မြင်နိုင်ပါပြီ။
email တစ်ခု ကို tab တစ်ခု ကနေ တစ်ခြားတစ်ခု ကို drag and drop လုပ်ပြီးပြောင်းလဲနိုင်ပါသေးတယ်။ဒီလိုပြောင်းလိုက်ရင် နောက်ပိုင်း အဲဒီအီးမေး ပို့ သူ က၀င်လာတဲ့ အီးမေးတွေကို အသစ်ပြောင်းရွှေ့ လိုက်တဲ့ tab မှာ ထားမလားဆိုတာ မေးပါလိမ့်မယ်။
Gamil tabbed inbox က အီးမေးတွေကို သူ့ အကြောင်းအရာ နဲ့ သူ တွေ့ မြင်နိုင်ဖို့  ပြုလုပ်ပေးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။Tabbed inbox ကို အသုံးမပြုချင်ရင် setting ထဲမှာ အချိန်မရွေးပြန်ပြီးပြင်နိုင်ပါတယ်။
0 comments:
Post a Comment