Friday, June 28, 2013

Widgets

eMo Web Browse Optimizer : Browsers တွေရဲ့  Memory အသုံးပြုမှုကိုလျှော့ချပေးနိုင်တဲ့ Tool

ashampoo 06

Modern browsers တွေ ဟာ ကွန်ပြူတာရဲ့ memory ကို အသုံးပြုမှုများပါတယ်။အဲဒီအတွက် ကွန်ပြူတာရဲ့  performance ကို ကျဆင်းစေပါတယ်။အထူးသဖြင့် memory နည်းတဲ့ စက်တွေ ၊ browser tab တွေအများကြီးဖွင့်သုံးတတ်တဲ့ စက်တွေမှာ performance ကျတတ်ပါတယ်။အဲဒီပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ eMo Web Browse Optimizer ဆိုတဲ့  freeware တစ်ခု ထွက်ရှိလာပါတယ်။ဒီ tool က browsers တွေရဲ့  memory အသုံးပြုမှုကိုလျှော့ချပေးပြီး သင့်ကွန်ပြူတာရဲ့  memory ကို တိုးမြှင့်ပေးပြီး optimize လုပ်ပေးနိုင်ပါတယ်။ကျွန်တော် က chrome user ဖြစ်ပြီး chrome ဟာ တစ်ခြား browser တွေ ထက်မြန်သလောက် memory အသုံးပြုမှုကလည်းပိုများပါတယ်။ဒီဆောင်းပါးမှာ chrome ကို အသုံးပြုပြီး eMo ကို အသုံးမပြုမီနဲ့ eMo အသုံးပြုပြီး memory ကို optimize လုပ်ပေးနိုင်တာကို လက်တွေ့ စမ်းသပ်ရေးပါမယ်။eMo က chrome,firefox,IE,maxthon,safari ,opera တွေ အပြင်တစ်ခြား တော်တော်များများကို optimize လုပ်ပေးနိုင်ပါတယ်။

eMo ကိုအင်စတောမလုပ်ခင်မှာ chrome မှာ tab ၅ ခု ဖွင့်ပြီး chrome ရဲ့  memory အသုံးပြုမှုကို မှတ်ထားပါမယ်။ဒီလိုလုပ်ဖို့ အတွက် tab အသစ်တစ်ခုဖွင့်ပြီး address bar မှာ chrome:memory-redirect လို့ ရိုက်ပါ။Memory အသုံးပြုမှုက 600 mb ကျော်ရှိပါတယ်။သင်ဟာ တစ်ခြား browser အသုံးပြုသူဆိုရင်လည်း အဲဒီ browser တွေရဲ့  memory အသုံးပြုမှုကို အဲဒီ chrome page မှာပဲကြည့်နိုင်ပါတယ်။

ashampoo 05

eMo ကို အင်စတောလုပ်ပြီး chrome ကို အမှန်ဖြစ်ပေးပြီး Optimize : Memory မှာ On ပေးထားပါ။

ashampoo 06

Chrome memory page ကို refresh လုပ်ကြည့်ရင် memory အသုံးပြုမှုက 300 mb ကျော်ပဲရှိတော့တဲ့အတွက် memory တစ်ဝက်လောက်ကို လျှော့ချပေးနိုင်ပြီး သင့် system ကအသုံးပြုနိုင်ပါပြီ။အဲဒီအတွက် တစ်ခြား application တွေအသုံးပြုရတာ ၊ စက် ရဲ့  performance မြန်မြန်ဆန်ဆန် အလုပ်လုပ်ပေးနိုင် တာတွေကို တွေ့ မြင်ရမှာပါ။

ashampoo 07

Memory များတဲ့စက်တွေ မှာဆိုရင် မသိသာပေမယ့်  Memory နည်းတဲ့စက်တွေ မှာ eMo ကို အသုံးပြုရင် စက်ရဲ့  performance သိသိသာသာတက်လာတာတွေ့ ရမှာပါ။

Download eMo @ sourceforge.net/projects/browseoptimizer/?source=dlp

0 comments:

Post a Comment