Monday, June 17, 2013
Widgets
Prey : Phone ပျောက်မှာစိတ်မပူနဲ့ 
1
သင့် ဖုန်း မှာ အင်စတောလုပ်ထားသင့်တဲ့ must-have application တစ်ခု ပါ။ သင့်ဖုန်း ပျောက်သွားရင် prey က lock လုပ်ပေးနိုင်ပါတယ်။GPS, Wifi Access Point တွေကနေလည်း ဖုန်းတည်နေရာကို Google Map မှာပြပေးနိုင်ပါတယ်။Alert လုပ်ပေးနိုင်ပြီး သင့်ဖုန်း ရရှိထားသူ ကသင့်ကို ဆက်သွယ်ရမယ့် လိပ်စာ၊ဖုန်း ကို သိရှိဆက်သွယ်နိုင်ပါတယ်။ဖုန်း ကအနီးအနားမှာရှိနေပြီးပျောက်နေတာဆိုရင်လည်း အသံကျယ်ကျယ် မြည်ပြီး alarm လုပ်နိုင်ပါတယ်။ဖုန်း ရဲ့  IP address ကို လည်းသိရှိနိုင်ပါတယ်။ Prey ကို windows,android,ios,ubuntu,mac os မှာသုံးနိုင်ပါတယ်။ကျွန်တော် Windows မှာ Prey အသုံးပြုနည်း ကို အရင်က ရေးပေးထားပြီးပါပြီ။ဒီဆောင်းပါးမှာတော့ android ဖုန်း မှာ prey ကို အင်စတောလုပ်ထားပြီး တကယ် track လုပ်နိုင်သလား၊ lock လုပ်နိုင်သလားဆိုတာ စမ်းသပ်ထားပါတယ်။Prey လို မျိုး anti-theft application တော်တော်များများကို ကျွန်တော်စမ်းသပ်ဖူးပါတယ်။အခု နောက်ပိုင်းပေါ်တဲ့ mobile antivirus တွေမှာလည်း anti-theft feature ပါပါတယ်။တစ်ချို့ တွေကိုကျွန်တော်စမ်းသပ်ဖူးပါတယ်။ ကျွန်တော် အကြိုက်ဆုံးက Prey ပါ။ Prey သာ သင့်ဖုန်း မှာ ထည့်ထားရင် ဖုန်း ရတဲ့သူက သုံးလို့ လည်းမရပါဘူး။ရောင်းလို့ လည်းမရတော့ပါဘူး။Prey ရဲ့ Lock feature က အရမ်းကောင်းပါတယ်။ဖုန်း ကို restart ချလိုက်ရင်တောင် Locked ဖြစ်နေဆဲပါပဲ။ဒါ့ကြောင့် သင့်ဖုန်းကို ရရှိထားတဲ့သူဟာ ဖုန်းကို သင့်ကို ပြန်ပေးရုံကလွဲပြီးရွေးချယ်စရာမရှိပါဘူး။
Setting UP
Prey Download Page မှာ ဒေါင်းလုပ်လုပ်ပါ။Prey ကို android ဖုန်းမှာ အင်စတောလုပ်ပြီးရင် run ပါ။ပြီးရင် အကောင့်တစ်ခု လုပ်ပြီး sign in လုပ်ပါ။Setting မှာ Grant extra permission ကိုနှိပ်ပြီး Yes နှိပ်ပါ။ဒါမှ prey က သင့်ဖုန်းကို lock လုပ်နိုင်မှာပါ။နောက်ပြီး တစ်ခြားသူက prey ကို uninstall လုပ်ခြင်းမှကာကွယ်ပေးထားမှာပါ။SMS activation/deactivation message တွေကို သင်နှစ်သက်ရာပြင်နိုင်ပါတယ်။မပြင်လည်းရပါတယ်။
Moborobo20130617184956
Tracking
သင့်ဖုန်း  ပျောက်သွားရင် http://preyproject.com ကိုသွားပြီးသင့်အကောင့်နဲ့ ဝင်ပါ။သင့်ဖုန်းကို နှိပ်ပါ။
ashampoo 01
ashampoo 02
Alert မှာတော့ သင့်ဖုန်းကို ကောက်ရထားသူကို အောက်ကပုံမှာလို ဆက်သွယ်နိုင်ဖို့  message ပို့ ပေးနိုင်ပါတယ်။Lock ကို On ပြီးဖုန်းကို Lock လုပ်ခိုင်းနိုင်ပါတယ်။Unlock pass က preyrocks ပါ။သင့်ဖုန်း ရထားသူက Unlock pass ကို မသိရင် ဖုန်းကို သုံးလို့ မရပါဘူး။သူများကို လည်းရောင်းလို့ မရနိုင်ပါဘူး။သင့်ဖုန်းကို သင့်ကို ပြန်ပေးရုံကလွဲပြီးတစ်ခြားရွေးစရာမရှိပါဘူး။ပြီးရင် Save Changes ကို နှိပ်ပါ။ 
ashampoo 03
ပြီးရင် Run Prey ကိုနှိပ်ပြီး report တောင်းပါ။ ကျွန်တော့် စမ်းသပ်ချက်မှာတော့ ဖုန်းကို SMS message ပို့ ပြီး Activate လုပ်စရာမလို ပါဘူး ။တကယ်လို့  သင့်ဖုန်းကို track မလုပ်နိုင်ခဲ့ရင် SMS message ပို့ ပေးပါ။Activation Phrase , Deactivation Phrase တွေကို အောက်ကပုံမှာတွေ့ မြင်နိုင်ပါတယ်။
ashampoo 05
ခနအကြာမှာ report တက်လာပြီး report ကို နှိပ်ကြည့်ရင် သင့်ဖုန်းရဲ့  IP Address , တည်နေရာတို့ ကို တွေ့ မြင်နိုင်ပါတယ်။ကျွန်တော် စမ်းကြည့်တာတော့ တည်နေရာ က ကွက်တိပါပဲ။တည်နေရာ တိကျတာ မတိကျတာက GPS, wifi network အပေါ်မှာလည်းမူတည်ပါတယ်။
ashampoo 04
သင့်ဖုန်းကို လက်ခံရရှိထားသူ
သင် track လုပ်ခိုင်းထားတဲ့အချိန်မှာ သင့်ဖုန်းကို ရရှိထားသူက သင်ပို့ ထားတဲ့ message ကို ရရှိပြီးသင့်ကို ဆက်သွယ်နိုင်ပါတယ်။ဖုန်းကို လည်း Lock ကျနေတာကို တွေ့ မြင်နိုင်ပါတယ်။ကျွန်တော်စမ်းကြည့်တာ restart ချလိုက်တာတောင် Lock ဖြစ်နေတုန်းပါပဲ။Prey ရဲ့ Lock feature ကတော်တော် ကောင်းပြီး လုံခြုံတာတွေ့ ရပါတယ်။
Moborobo20130617191226Moborobo20130617172153
Prey က free သုံးရင် 3-device ကို track လုပ်ပေးနိုင်ပြီး report 10 ခု ထိထုတ်ပေးနိုင်ပါတယ်။ Device 3 ခု ကကျွန်တော့်လို သာမန် user တွေအတွက်လုံလောက် ပြီး Report တွေက ဖျက်လို့ ရတဲ့အတွက် အဲဒီ ကန့် သတ်ချက်က အရေးမကြီးပါဘူး။
2 comments:
  1. ​ကျေးဇူးတင်​တယ်​ဗျာ ဘာပဲ​ပြော​ပြော ဒီ Apk ကအသုံးဝင်​ပါတယ်​ ဆက်​လက်​ပြီး ​ကောင်းတာ​လေး​တွေ မျှ​ဝေ​ပေးပါဦး ဆရာ​ရေ .... အား​ပေး​နေပါတယ်​ :)
    ReplyDelete
    Replies
    1. ကိုမောင်ထွေး ရဲ့ ကွန်းမန့် က ကျွန်တော့်အတွက်စာဆက်ရေးဖို့ အားဆေးတစ်ခွက်ပါ။ကျေးဇူးတင်ပါတယ်။
      Delete