Wednesday, June 26, 2013

Widgets

Shuame Root V1.2.1

1

Shuame Root ကို myanmarmobileapp မှာတွေ့ လို့ တင်ပေးလိုက်ပါတယ်။တရုတ်ဖုန်း/Tablet တော်တော်များများကို Root လုပ်ပေးနိုင်တဲ့ Shuame Root v1.2.1 ကိုတင်ပေးလိုက်ပါတယ်။ တရုတ်ထုတ်ဖုန်း/Tablet တွေတင်မဟုတ်ပါဘူး ၊ အခြား LG/HTC/Samsung စတဲ့ ဖုန်းတော်တော်များများကိုလည်း ဒီ Tool လေးကိုအသုံးပြုပြီး root လုပ်နိုင်ပါတယ်။ Root လုပ်ရုံတင်မဟုတ်ပါဘူး ။ Bootloader mode ထဲဝင်တာတို့ ၊ recovery mode ထဲဝင်တာတို့ ၊ ဖုန်းရဲ့ Pattern lock ကိုဖြုတ်တာတို့ကိုပါလုပ်ဆောင်ပေးနိုင်ပါသေးတယ်။

Shuame Root ကိုအသုံးပြုပြီး Root လုပ်ဖို့အတွက် ကွန်ပျူတာမှာ မိမိရဲ့ ဖုန်းအမျိုးအစားအလိုက် Driver သွင်းထားဖို့လိုပါတယ်။ပြီးလျှင် ခုနက download လုပ်ခဲ့တဲ့ Shuame Root v1.2.1 ကို ကွန်ပျူတာမှာ install လုပ်ပြီး run လိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမယ်။ ပေါ်လာရင် ပုံထဲကစက်ဝိုင်းပြထားတဲ့ ခလုတ်ကိုသွားပါ။

2

အောက်ပါအတိုင်းပေါ်လာပါမယ်။ ပြီးရင်ဖုန်း/Tablet ရဲ့ Setting > Developer Option ထဲက USB Debugging ကို enable လုပ်ထားပြီး ဖုန်း/Tablet ကိုကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ ပုံမှာ စက်ဝိုင်းအနီနဲ့ပြထားတဲ့ ခလုတ်ကိုနှိပ်ပါ။

3

ဖုန်း Driver ကိုကွန်ပျူတာမှာသွင်းထားပြီး USB Debugging Setting ကို On ခဲ့တယ်ဆိုရင်တော့ Root လုပ်ဖို့ Alert box လေးပေါ်လာရင် next လုပ်လိုက်ရုံပါပဲ ။ Root လုပ်ရတာကလည်းအရမ်းလွယ်ပါတယ်။ဖုန်းမှာ Super User (သို့) SU လို့ရေးထားတဲ့ icon လေးတွေ့ပြီဆိုရင်တော့ root process အောင်မြင်ပြီလို့ပြောလို့၇ပါပြီ။ကိုယ့်ရဲ့ ဖုန်း/Tablet က root ဖြစ်မဖြစ်ကိုတော့ root checker လို android app ကိုသုံးပြီးစစ်ဆေးကြည့်နိုင်ပါတယ်။

Download Shuame Root

0 comments:

Post a Comment