Facebook Cover Photo ကို အလွယ်တကူပြုလုပ်ပေးနိုင်တဲ့ ဆိုက်တစ်ခုပါ။Color , effects တွေကို ထည့်သွင်းနိုင်တဲ့အပြင် text တွေကိုလည်းထည့်သွင်းနိုင်ပါသေးတယ်။ပုံတွေ အများအပြားကို layer အနေနဲ့ အသုံးပြုနိုင်ပါတယ်။ဒီဆောင်းပါး မှာတော့ ကျွန်တော်က tech blogger တစ်ယောက်ဖြစ်တဲ့အတွက် နည်းပညာနဲ့ ပတ်သက်တဲ့ Cover Photo တစ်ခု ကိုယ်တိုင်ပြုလုပ်ပြီးရေးသားထားပါတယ်။သင်တို့  နှစ်သက်တဲ့ Cover Photo တွေကို လွယ်လွယ်နဲ့ ပြုလုပ်နိုင်ပါတယ်။
Dimension of Cover Photo
Facebook Cover Photo ပြုလုပ်ဖို့  သူ့ ရဲ့  Dimension ကို သိထားမှသာပုံထွက်ကောင်းတဲ့ Cover Photo တစ်ခု ရမှာပါ။အောက်ကပုံမှာ မြင်တွေ့ တဲ့အတိုင်း Cover Photo ရဲ့ အတိုင်းအတာက 851 pixels in width and 315 pixels in height ရှိပါတယ်။အဲဒီအရွယ်အစားရှိတဲ့ ပုံတစ်ခု ကို Google ကရှာပြီးဒေါင်းပါ။
text , effect , layer တွေ ထည့်ခြင်း
ပုံကို upload လုပ်ပြီးရင် photo editor မှာ မြင်ရမယ့် ပုံဟာ သင့် facebook timeline မှာ မြင်တွေ့ ရမယ့် cover photo နဲ့  အရွယ်အစား တစ်ပုံစံထဲနဲ့ တွေ့ မြင်ရမှာပါ။Background အောက်မှာ tab သုံးခုရှိပြီး effects တွေ ထည့်သွင်းနိုင်ပါတယ်။
Add Text မှာ သင် နှစ်သက်ရာ စာတွေ ထည့်နိုင်ပါတယ်။Text Effect တွေကိုလည်းထည့်နိုင်ပါတယ်။Font, font size တွေကို သင်နှစ်သက်သလို ပြောင်းလဲနိုင်ပါတယ်။
တစ်ခြားပုံတွေကို layer အနေနဲ့ အသုံးပြုဖို့  Upload Photo ကို နှိပ်ပြီး Upload image ကိုနှိပ်ပါ။
Checkout Facebook Timeline Cover Photo Maker @ www.timelinecoverphotomaker.com/
0 comments:
Post a Comment