Wednesday, June 12, 2013

Widgets

Transfer installed programs from one Windows computer to another with PickMeApp

15

ကွန်ပြူတာ အသစ်ဝယ်လို့ ပဲဖြစ်ဖြစ် windows အသစ်တင်လို့ ပဲဖြစ်ဖြစ် ကွန်ပြူတာအဟောင်းက programs တွေကို ကွန်ပြူတာ အသစ်မှာ ဘယ်လို သုံးမလဲ? Program တစ်ခု ချင်းစီကို ပြန်ပြီး အင်စတောလုပ်ရတာ အလုပ်ရှုပ်ပါတယ်။Microsoft ရဲ့  Windows Easy Transfer  က files ,  program setting , windows setting ,internet setting တွေကို ကွန်ပြူတာ အသစ်ကို ကူးပေးနိုင်ပါတယ်။ဒါပေမယ့် program တွေ ကို တော့ manual ပြန်ပြီးအင်စတောလုပ်ရမှာပါ။PickMeApp ဆို တဲ့ freeware က programs တွေကို ကော်ပီကူးပေးနိုင်ပြီး ကွန်ပြူတာအသစ်မှာ အလွယ်တကူအင်စတောလုပ်ပေးနိုင်ပါတယ်။PickMeApp က portable ဖြစ်ပြီးအင်စတောလုပ်စရာမလို ပါဘူး။PiceMeApp က Windows 7, Windows Vista and Windows XP မှာ အလုပ်လုပ်ပါတယ်။

Programs တွေကို Capture လုပ်ခြင်း

PickMeApp ကို run ပြီးရင် သင့် ကွန်ပြူတာ မှာ အင်စတောလုပ်ထားတဲ့ ဆော့ဝဲတွေရော windows update တွေ ကို ပါဘယ်ဘက်က pane မှာ တွေ့ မြင်နိုင်မှာပါ။ အရင်ဆုံး profile တစ်ခု ပြုလုပ်ပါ။အောက်ကပုံမှာ မျှားထိုးထားတဲ့ button ကိုနှိပ်ပါ။Profile မပြုလုပ်ခင် အဲဒီ pfofile အတွက် ဖိုဒါတစ်ခု ပြုလုပ်ထားပါ။

ashampoo 06

Profile Name မှာ နာမည်ကြိုက်တာပေးပါ။ဒီဆောင်းပါးမှာတော့ ကျွန်တော် test လို့ နာမည်ပေးထားပါတယ်။နောက်ပြီး ပြုလုပ်ထားတဲ့ ဖိုဒါကို ရွေးပေးပါ။

ashampoo 12

ကွန်ပြူတာအသစ်ကို ကူးချင်တဲ့ programs တွေကို ရွေးချယ်ပါ။ပြီးရင် Capture button ကိုနှိပ်ပါ။

ashampoo 08

Capture လုပ်ပြီးရင် Save All As Exe ကို နှိပ်ပါ။

ashampoo 09

ကွန်ပြူတာအသစ်မှာလိုအပ်တာများပြင်ဆင်ခြင်း

Programs တွေကို ကွန်ပြူတာအသစ်မှာ အင်စတောလုပ်ဖို့  အတွက် ကွန်ပြူတာအသစ်မှာ အောက်က requirement တွေကို အရင် အင်စတောလုပ်ထားရပါမယ်။

Windows Installer

Windows Installer က version 3.1 အနည်းဆုံး ရှိရပါမယ် ။ သင့် Windows Installer Version ကို သိနိုင်ဖို့ အတွက် C:\Windows\System32 အောက်က msi.dll ဖိုင်ကို right click နှိပ်ပြီး properties ကို ၀င်ပါ။Details tab မှာ Version ကို တွေ့ မြင်နိုင်ပါတယ်။တကယ်လို့  သင့် Windows Installer Version က 3.1 အောက်မှာဆိုရင်တော့ ဒီလင့် ကနေ ဒေါင်းပြီး upgrade လုပ်ပါ။

ashampoo 13

Microsoft .NET Framework 3.5

ကွန်ပြူတာအသစ်မှာ Microsoft .NET Framework 3.5 အနည်းဆုံးရှိရပါမယ်။Microsoft .NET Framework Version ကို သိနိုင်ဖို့  Control Panel>Programs and Features မှာ ကြည့်ပါ။

ashampoo 14

Microsoft Visual C++ 2008 SP1 &  Microsoft Visual C++ 2005 SP

ဒီနှစ်ခုကို အင်စတောလုပ်ထားပါ။

Microsoft Visual C++ 2008 SP1

Microsoft Visual C++ 2005 SP1

Capture လုပ်ထားတဲ့ Programs တွေကို ကွန်ပြူတာအသစ်မှာ အင်စတောလုပ်ခြင်း

ပီးရင်ပြုလုပ်ထားတဲ့ဖိုဒါ ဒီဆောင်းပါးမှာတော့ test ဆိုတဲ့ ဖိုဒါကို ကွန်ပြူတာအသစ်ကို ကူးပါ။test.exe ကို run ပြီးကော်ပီကူးထားတဲ့ programs တွေကို ကွန်ပြူတာအသစ်မှာ အင်စတောလုပ်ပါ။

ashampoo 10

PickMeApp ကိုအသုံးပြုရတာလွယ်ကူပါတယ်။သင်ပြုလုပ်ထားတဲ့ Profile က programs တွေကို ဖျက်ပစ်တာတွေ အသစ်ထပ်တိုးတာတွေ လည်းပြုလုပ်နိုင်ပါတယ်။PickMeApp က Beta အဆင့်ပဲရှိပါသေးတယ်။ကျွန်တော့် စမ်းးသပ်ချက်မှာတော့ ကောင်းကောင်းအလုပ်လုပ်ပါတယ်။PickMeApp ကို official website မှာ အခမဲ့ဒေါင်းနိုင်ပါတယ်။PickMeApp ကိုဒေါင်းဖို့  အီးမေး ပေးပြီး အကောင့်တစ်ခု ပြုလုပ်ရပါမယ်။

Download PickMeApp @ www.pickmeapp.com/

3 comments:

  1. Thank bro.window အသစ်​ တင်​ ဖို့ စဥး စား ​နေတာ လက်​ ရှိ Program ​တွေ ​လဲ ပြန်​ ရှာ ဖို့ ခက်​ ​နေ တာ ဒီ အတိုင်း ဆို ok ပြီ ထင်​ တယ်​ usb stick ထဲ ​ကော သိမ်း လို့ ရ ပါ သလား bro.

    ReplyDelete
  2. ကြိုက်မှကြိုက်

    ReplyDelete