Sunday, June 2, 2013

Widgets

Click&Clean : သင့်ရဲ့ Privacy&Security အတွက်အသုံးပြုသင့်တဲ့  Browser Extension (or) Add-On

1

အင်တာနက် အသုံးပြုရင် သင့် browser မှာ browsing history,saved passwords,saved form data,cookies,cache စတာတွေ ကျန်ခဲ့ပါတယ်။အဲဒါတွေကို မရှင်းရင် သင် ကြည့်ခဲ့တဲ့ ၀က်ဆိုက်တွေ၊ password တွေကို သူများတွေ အလွယ်တကူသိရှိနိုင်ပါတယ်။အဲဒါတွေကို browser setting ထဲမှာ ၀င်ပြီးရှင်းလင်းနိုင်သလို CCleaner လို ရှင်းပေးနိုင်တဲ့ ဆော့ဝဲတွေသုံးကြပါတယ်။Browser ရဲ့  setting ထဲဝင်ရှင်းရတာ setting ထဲကို သီးသန့် ဝင်ပြီးရှင်းရတဲ့အတွက် အလုပ်ရှုပ်သလို CCleaner ကို သုံးရင်လည်း browser ကို ပိတ်ပြီးမှ ရှင်းပေးနိုင်တာဖြစ်တဲ့အတွက် အလုပ်ရှုပ်ပါတယ်။သင့်ကွန်ပြူ တာကို အသုံးပြုနေချိန်မှာ သူများရောက်လာလို့ အလွယ်တကူလျှင်လျှင်မြန်မြန်ရှင်းချင်ရင်တော့ Click&Clean ဆို တဲ့ browser extension (or) add-on ကို သုံးပါ။သင်ရှင်းချင်တဲ့ အချိန် မှာ   browser က Click&Clean icon ကို နှိပ်ပြီးလျှင်လျှင်မြန်မြန်ပဲ ရှင်းနိုင်ပါတယ်။Click&Clean က Chrome, Firefox browser တွေမှာသုံးနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ chrome မှာ အသုံးပြုနည်းကို ရေးပါတယ်။User Interface ကလည်းအသုံးပြုရလွယ်ကူပါတယ်။Click&Clean ကို chrome မှာ အင်စတောလုပ်ပြီးရင် အိုင်ကွန်ကို နှိပ်ပါ။

2

Options ကိုနှိပ်ရင် ၀င်းဒိုးတစ်ခု ပေါ်လာပြီး သင်ရှင်းချင်တာတွေကို ရွေးပါ။ပြီးရင် Run Cleaner ကိုနှိပ်ပြီးရှင်းနိုင်ပါတယ်။

ashampoo 01

နောက်တစ်ခါရှင်းချင်ရင် options ထဲဝင်စရာမလိုတော့ဘဲ အိုင်ကွန်ကို နှိပ်ပြီး Clear Private Data ကို နှိပ်ပြီးလွယ်လွယ်ကူကူလျှင်လျှင်မြန်မြန်ရှင်းနိုင်ပါတယ်။Click&Clean မှာ history,cache,cookies တွေကို သီးသန့် ရွေးချယ်ပြီး ရှင်းနိုင်ပါသေးတယ်။

5

History ကိုနှိပ်ကြည့်ရင် history page တစ်ခု ပေါ်လာပြီး အောက်ကပုံမှာလို တွေ့ မြင်နိုင်ပြီး အလို မရှိတဲ့ history တွေကို ပဲရွေးချယ်ရှင်းနိုင်ပါတယ်။

ashampoo 02

Cookies ကိုနှိပ်ကြည့်ရင် page တစ်ခု ပေါ်လာပြီး Cookies အကြောင်းကို ရှင်းပြထားပြီး အလို မရှိတဲ့ Cookies တွေကို ရှင်းထုတ်နိုင်ပါတယ်။Google,Facebook,Twitter,Yahoo,Microsoft စတဲ့အကောင့်တွေက Cookies တွေကို အလွယ်တကူ သိမ်းထားနိုင်ပါတယ်။

ashampoo 03

အဲဒီလို ပဲ Cache ကိုနှိပ်ရင် နောက် page တစ်ခု ပေါ်လာပြီး Cache အကြောင်းရှင်းပြထားပြီး ရှင်းလင်းနိုင်ပါတယ်။

6

Click&Clean မှာ malware တွေကို scan လုပ်ပေးနိုင်သလို ကွန်ပြူတာက system tools တွေကို အလွယ်တကူအသုံးပြုနိုင်ဖို့ လည်းပြုလုပ်ပေးထားပါတယ်။System tab ကိုနှိပ်ကြည့်ရင်အောက်ကပုံမှာလို မြင်တွေ့ နိုင်ပါတယ်။

4

Install Click&Clean @ www.hotcleaner.com/

0 comments:

Post a Comment