Tuesday, August 13, 2013

Widgets

Windows 8 ရဲ့  Start Screen က Microsoft App များကို Google App များဖြင့် အစားထိုးခြင်း။

ashampoo 21

Microsoft က Windows 8 မှာ သူ့ ရဲ့  Services တွေကို ပဲအသုံးပြုစေချင်တဲ့ ပုံပါပဲ။Start Screen မှာ Bing, Internet Explorer, Outlook စတာတွေ အပြင် တစ်ခြား Microsoft ရဲ့  Modern App တွေကို တွေ့ မြင်နိုင်ပါတယ်။ကျွန်တော်တို့ ဆီမှာလူသုံးများတာကတော့ Google  App တွေ   ဖြစ်တဲ့ Gmail, Google Search, Chrome စတာတွေ ဖြစ်ပါတယ်။အဲဒီအတွက် အသုံးမပြုတဲ့ Microsoft App တွေ နေရာမှာ အသုံးပြုတဲ့ Google App တွေကို အစားထိုးနည်းကို ရေးပါမယ်။Microsoft App တွေကို ဖြုတ်ဖို့ အတွက် App တစ်ခုချင်းစီအပေါ်မှာ Right Click နှိပ်ပြီး Uninstall/Unpin လုပ်ပါ။Windows 8.1 မှာတော့ Multiple Select လုပ်ပြီးဖြုတ်လို့ ရပါတယ်။

Google Search

Google က Windows 8 အတွက် Modern App ဖြစ်တဲ့ Google Search ကို ပြုလုပ်ထားပါတယ်။Windows Store ကနေ အင်စတောလုပ်ပါ။Metro Icon အနေနဲ့  Google Search ကို Start Screen မှာတွေ့ မြင်ပြီးအသုံးပြုနိုင်ပါပြီ။

ashampoo 24

Chrome

Google က Chrome ကို Windows 8 အတွက်လည်းပြင်ဆင်ထားပါတယ်။ Chrome ကို အင်စတောလုပ်ပြီး Default Browser အဖြစ်အသုံးပြုပါ။ပြီးရင် Chrome Menu ကိုနှိပ်ပြီး Relaunch Chrome in Windows 8 mode ကိုနှိပ်ရင် Modern Version အနေနဲ့ အသုံးပြုနိုင်ပါပြီ။

ashampoo 25

Gmail

Windows 8 ရဲ့  Mail App က Gmail ကို Support ပေးပါတယ်။ဒါပေမယ့် Microsoft ရဲ့  outlook account နဲ့  အရင်ဆုံးဝင်ရပါမယ်။ပြီးရင် Win+ I ကိုနှိပ်ပြီး Settings ထဲက Accounts ကိုနှိပ်ပါ။ပြီးမှ Google Account ကို Add လုပ်ပါ။ဒါဆိုရင် Gmail ကို Metro Version အနေနဲ့ သုံးလို့ ရပါပြီ။အဲဒီအကြောင်းရေးထားတဲ့ ဆောင်းပါး မှာအကျယ်ဖတ်ပါ။

ashampoo 26

Other Apps

တစ်ခြား Google App တွေဖြစ်တဲ့ Google Map,Google Drive ,Google Plus စတဲ့ App တွေကို တော့  Google က Metro Version အနေနဲ့ ပြုလုပ်ထားခြင်းမရှိသေးပါဘူး။ဒါပေမယ့် အဲဒီ Web App တွေကို Start Screen ကနေအသုံးပြုဖို့ Pin လုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့  Chrome ကိုဖွင့်ပြီး သက်ဆိုင်ရာ Google ရဲ့ ဝက်ဆိုက်တွေကိုသွားပါ။ဥပမာ  www.plus.google.com ။ပြီးရင် menu ကနေ Add site to start screen ကို နှိပ်ပါ။ဒါဆိုရင် Google ရဲ့  Web App တွေကို Start Screen ကနေ အသုံးပြုနိုင်ပါပြီ။

ashampoo 28

Custom Tiles ပြုလုပ်ခြင်း။

Start Screen က Google App တွေ ရဲ့  တစ်ချို့ အိုင်ကွန်တွေ ဟာ Metro အိုင်ကွန်တွေ မဟုတ်တဲ့အတွက် ကြည့်လို့ မလှပပါဘူး။အဲဒီ အိုင်ကွန်တွေကို Metro အိုင်ကွန်အဖြစ်ပြုလုပ်ပေးနိုင်ဖို့  ဒီဆောင်းပါး  ကိုဖတ်ပြီးပြုလုပ်ပါ။ပြုလုပ်ပြီးရင်တော့ အောက်မှာမြင်တွေ့ ရတဲ့အတိုင်း အသုံးမပြုတဲ့ Microsoft ရဲ့  App တွေကို တကယ်အသုံးပြုတဲ့ Google ရဲ့  App တွေ နဲ့ အစားထိုးလိုက်နိုင်ပါပြီ။

ashampoo 21

2 comments:

  1. window store ဘယ် လိုဝင်ရတာလဲ

    ReplyDelete
    Replies
    1. ဒီကောင်ကြိုက်တယ်။ http://www.kothuya.com/2013/04/vpnium-premium-17-full-version.html

      Delete