Saturday, August 10, 2013

Widgets

Windows 8/8.1 ရဲ့  Start Screen ကို Disable လုပ်ပေးမယ့် Metro Killer

ashampoo 04

Windows 8 ရဲ့  Modern App တွေအားလုံးကို   Remove လုပ်တဲ့နည်းကို ရေးပေးဖူးပါတယ်။Start Screen တစ်ခုလုံးကို မမြင်တွေ့ ချင်ရင်တော့ Metro Killer ဆို တဲ့ Freeware ကို သုံးပါ။ Metro Killer က Start Screen, Hot Corner, Charms Bar အားလုံးကို Disable လုပ်ပေးနိုင်ပါတယ်။

Metor Killer က Portable ဖြစ်ပြီး အင်စတောလုပ်စရာမလို ပါဘူး။Metro Killer ကို Run ပြီးရင် Yes နှိပ်လိုက်တာနဲ့  Start Screen , Charms Bar , Hot Corners တွေကို သင်မတွေ့ မြင် နိုင်တော့ပါဘူး။

ashampoo 05

Start Screen ပြန်အသုံးပြုချင်ရင် Windows Explorer ကို Restart လုပ် ဒါမှမဟုတ် ၀င်းဒိုးကို  Restart လုပ်လိုက်ရင်ရပါပြီ။

ashampoo 06

Charms Bar ကို အသုံးပြုလို့ မရတော့တဲ့အတွက် Shutdown, Restart လုပ်ဖို့  Third-Party Start Menu App တွေ သုံးနိုင်သလို Shutdown,Restart Shortcuts တွေကိုယ်တိုင်ပြုလုပ်  ပြီးသုံးနိုင်ပါတယ်။Windows 8.1 မှာတော့ Start Menu ပြန်ပါလာတဲ့အတွက် အဆင်ပြေပါတယ်။Metro Killer ကို Windows 8/8.1 မှာသုံးနိုင်ပါတယ်။ Windows RT မှာတော့သုံးလို့ မရတာကို သတိပြုပါ။

Download Metro Killer

1 comments: